• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Wednesday 23 April 2008

မပြောဖြစ်တဲ့ စကားတစ်ချို့


ကျွန်တော့်စိတ်ထဲ ဖြစ်နေတာတွေကို
သူမမျက်စိနဲ့ကြည့်လို့မရတော့တဲ့အခါ
ကျွန်တော် တိတ်တိတ်လေး နေပေးလိုက်ပါတယ်

ဟိုးမိုင်ပေါင်းများစွာက ကျွန်တော် မရောက်ဘူးတဲ့ တောတန်းတွေထဲ
ကျွန်တော့်အရိပ်တွေ ထွက်ပြေးသွားကြပြီ
ကျွန်တော့် အသက်ရှူသံတွေကို သူတို့မကြားနိုင်ခဲ့တာပါ

ကျွန်တော်ထူထောင်ထားတဲ့ လူနေမှု့က
ကျွန်တော့် အနာဂတ်နဲ့သဟဇာတ မဖြစ်နိုင်တော့
ခန္စာကိုယ် တစ်ခုလုံး အထီးကျန်ဆန်ခဲ့တယ်

စိတ်ကူးတွေတောင် ထိုးထိုးထောင်ထောင် ရှင်သန်ခွင့်မရတဲ့အခါ
ကျွန်တော် စိတ်တွေ ဒလိမ့်ခေါက်ကွေး ဖြစ်ကုန်တော့တာပဲ
သိုသိုသိပ်သိပ် ဖြစ်ပျက်ခဲ့တဲ့ ကျွန်တော့် သံယောဇဉ်ဟာ
ပူလောင်မှု့ တစ်ခုအဖြစ် အလွဲသုံးစား အမည်တစ်ခု ရတယ်

ရက်စွဲတွေ တစ်ထပ်လောက် ကျွန်တော်တို့ အတူတူလျှောက်ခဲ့တဲ့လမ်းဟာ
ဒီတစ်ရက်တော့ မုန်တိုင်းတစ်ခုနဲ့ အချင်းများရာကာစလို့
ကျွန်တော့် အိမ်ရာလေး နောက်ဆုံး မီးညွန့်တွေ ကူးစက်ကုန်တော့တာပဲ

တစ်ကြိမ်တစ်ခါသာ သေခွင့်ရတဲ့ အဖြစ်မျိုးမှာ
သူမရဲ့ သတ်ဖြတ်မှု့က ယဉ်ပါးတယ်
တစ်ချက်လောက်သာ ပွတ်သပ်လိုက်ရုံနဲ့
တစ်ခါတည်း သေဆုံးခွင့်ရတယ်

ကျွန်တော်ကိုယ်တိုင် နောက်ဆုံးစည်းတားခံရတဲ့အချိန်
သူမရဲ့ ၀ိညာဉ် အစစ်ကိုပဲ အလိုရှိကြောင်း
နတ်ဆိုးများထံ တိုင်တည် အသိပေးအပ်ပါသည်။ ။

15 comments:

ဖြိုးငယ် said...

သယ်ရင်းရေ..ဒီကဗျာလေးကို အရမ်းကြိုက်တယ်....ကျွန်တော်ကိုယ်တိုင် နောက်ဆုံးစည်းတားခံရတဲ့အချိန်
သူမရဲ့ ၀ိညာဉ် အစစ်ကိုပဲ အလိုရှိကြောင်း
နတ်ဆိုးများထံ တိုင်တည် အသိပေးအပ်ပါသည်...
ဆိုတာကို အကြိုက်ဆုံးပဲ..ခံစားချက်ပြင်းလို့ဖြစ်မယ်ထင်တယ်...

ညိမ်းညို said...

သူငယ်ချင်းရေ မပြောဖြစ်တဲ့သကားတွေကို ကဗျာအဖြစ်အသွင်ပြေားလိုက်တယ်ပေါ့ :P ကဗျာအသစ်တွေဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ အော်.. ဖြိုးငယ်နဲ့ငါနဲ့ကလဲအကြိုက်ချင်းလာတူနေတယ်ဝေ့ :) ငါလည်းအဲအပိုဒ်အကြိုက်ဆုံးပဲ ပျော်ရွှင်ပါစေ သူငယ်ချင်းရေ

မျှားပြာ said...

ကောင်မလေးရေ အရမ်းချစ်တယ်လို့ဆိုရင် ပေါ့သွားမလား

Anonymous said...

သူမ ဆိုသူကိုပြောလိုက်ပေါ့ အစ်ကိုရ ပျင်းသေးတယ် ပျင်းသေးတယ် ပျင်းတောင်ပျင်းသေးတယ်လို့  ဟားဟား မြှောက်ပေးနေတာ ...........
မကွဲတက်ပါဘူးနော့် နောက်ဆို မကွဲဖူးရင် မနေတက်သလိုဖြစ်လာလိမ့်မယ်တဲ့ ကျနော့်ကိုပြောဖူးတဲ့စကားလေး ။
ကဗျာတွေ စောင့်ရကျိုးနပ်တယ် အရမ်းကောင်းတယ်ဗျ ။ အစ်ကို အဆင်ပြေပါစေဗျာ။

Unknown said...

တစ်ကြိမ်တစ်ခါသာ သေခွင့်ရတဲ့ အဖြစ်မျိုးမှာ
သူမရဲ့ သတ်ဖြတ်မှု့က ယဉ်ပါးတယ်
တစ်ချက်လောက်သာ ပွတ်သပ်လိုက်ရုံနဲ့
တစ်ခါတည်း သေဆုံးခွင့်ရတယ် ........ ရေရေလည်လည်မိုက်တယ်ကွာ..ငါကတော့အဲဒီ့အပိုဒ် အကြိုက်ဆုံးပဲ :)

lwansay said...

ကျွနော်ကိုယ်တိုင် နောက်ဆုံးစည်းတားခံရတဲ့အချိန် ...
သူမရဲ့ ဝိဥာဉ်စစ်စစ်ကို အလိုရှိကြောင်း ...
မိုက်တယ်ကွာ .. စားတယ် ။
ခံစားလို့ ကောင်းတယ် ... ။

မင်းကျန်စစ်။ said...

လန်းတယ်ဗျို့။ ကြိုက်တဲ့ အပိုဒ်ချပြရရင် တစ်ပုဒ်လုံးဖြစ်မှာ စိုးလို့ ပြန်မရေးတော့ဘူး။ လန်းတာတော့ တစ်ပုဒ်လုံးပဲ။

Unknown said...

မပြောဖြစ်တဲ့စကားတွေကိုကဗျာနဲ့ ပြောလိုက်တာပေါ့...တစ်ခါတစ်ရံကြတော့လည်းမပြောဖြစ်တာပိုကောင်းတယ်ထင်တယ်...အချိန်တွေကြာလာတာနဲ့ အမျှပြောမဲ့စကားလုံးတွေကပျောက်ကွယ်သွားမှာပါ...အဆင်ပြေပါစေ..THS..

Unknown said...

သြော်... သူလဲ ငါတို့အသင်းဝင်ပါလားကွယ်...

NatShinNaung said...

နတ်ဆိုးကြီးလာပြီ ။ ဘာတိုင်တည်မလို့လဲ။ ပြော :P

Layma said...

တိုင်တည်သံကြားလို့လာတယ်ဝေး...
ဝိညာဉ်ကို အတုအစစ် မခွဲခြားတတ်လို့ မပေးခဲ့တော့ဘူး..။
မအိုကေ သေးဘူးလား တင့်ထူးရေ..။

ein said...

မပြောဖြစ်တဲ့ စကားတစ်ချို့ကို ကဗျာအဖြစ်အသွင်ပြောင်းလိုက်တာကောင်းတယ်ကွာ...း)

ကြယ်စင်နတ်သမီး said...

ကဗျာကအရမ်းကောင်းတယ်ဗျို့...
နတ်ဆိုးကြီးကိုတော့ ကြောက်တယ်...

ပန်းခရေ said...

ကျွန်တော့်စိတ်ထဲ ဖြစ်နေတာတွေကို
သူမမျက်စိနဲ့ကြည့်လို့မရတော့တဲ့အခါ
ကျွန်တော် တိတ်တိတ်လေး နေပေးလိုက်ပါတယ်
=========
ကြိုက်တယ်ကွာ........
ငါ့သူငယ်ချင်းကြီး
ကြည့်တတ်လာပီ
အဆင်ပြေပါစေကွာ

December Cinderella said...

မပြောဖြစ်ခဲ့တဲ့ စကားတစ်ချိုပအတွက် ဒီအတိုင်းပဲထားလိုက်ရတော့မှလား။ ငိုချင်တယ်

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe