• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Thursday 21 August 2008

ဘယ်တော့မှ မပြောတော့ဘူး

မျှောချလိုက်ရတော့မယ့်လှေငယ်လေးထဲမှာ
စွန့်လွတ်မှုတွေ
ရရှိခဲ့တယ်
ရေထဲကအဲဒီလိုအရိပ်ထဲမှာ
ပျောက်ဆုံးသွားတော့မယ့်အတိတ်နဲ့
ရေအဆုံးကုန်းတစ်ဝက်ပဲ
မေ့လို့မရစကောင်းတဲ့အရာတွေက
မေ့ဖို့ကောင်းခဲ့တယ်
ပိုးစုန်းကြူးတစ်ကောင်လောက်
အလင်းရောင်ဖျော့ဖျော့ကို
တစ်မနက်စာထည်လဲတွဲရင်း
အဖြစ်နဲ့အပျက်ဟာ
အဖြစ်အပျက်အတိုင်း
ဖြစ်ပျက်သွားခဲ့ကြပြီ
ဘယ်တော့မှ
အဲဒီအကြောင်း မပြောတော့ဘူး ။ ။

14 comments:

Nyo Htet Nyo said...

ကဗျာဖတ်သူအနေနဲ့ ဘိုတင့်ကဗျာတွေထဲ ကျွန်တော်အကြိုက်ဆုံးကတော့ ခေါင်းစဉ်တွေပဲ...အဖိတ်အစင် မရှိဘူး...ခြုံမိငုံမိတယ်...တာသွားတယ်...အမြဲဖတ်နေပါတယ်ဗျာ....ဒီကဗျာလည်းကြိုက်မိပါတယ်....

ein said...

မပြောချင်တာကို မပြောတော့တာ အကောင်းဆုံးပါပဲမောင်တင့်ရာ...:P

Unknown said...

ညီလည်းနားမထောင်တော့ပါဘူးကိုတင့်မှပြောမပြတာကိုနော်
:P

ညိမ်းညို said...

ဘိုတင့်ရေ
ကဗျာဆို လက်ကုန်သာနှိုက်
ခပ်မိုက်မိုက်ပဲ
ငါတော့ကြိုက်တယ်

အိုင်လွယ်ပန် said...

အထူးတလည်မပြောတော့ဘူးအစ်ကို.....
ကြိုက်မှကြိုက်.....

mgngal said...

မပြောချင်လည်းနေပေါ့ ။:P

pandora said...

မပြောတော့ဘူးဆိုတာကို ပြောပြနေသေးတဲ့ ကဗျာလေးကို လာဖတ်သွားတယ် မောင်တင့်ရေ

Anonymous said...

ကိုတင့် ကတော့ သွက်တယ်ဗျာ
“အဖြစ်နဲ့အပျက်ဟာ
အဖြစ်အပျက်အတိုင်း
ဖြစ်ပျက်သွားခဲ့ကြပြီ” အဲ့လိုအသုံး အခုမှဖတ်ဖူးတား) ဟုတ်တယ် ကိုတင့် ဒါပဲ ဘာမှမပြောနဲ့ တော့ လေကုန်တယ် နော့်လေဗျာ

P>S= ဘယ်သူ့ ကိုဘာမှမပြောတော့တာလဲ

Unknown said...

THS..ကဗျာတွေအရမ်းကာင်းတယ်...
မေ့လို့မရစကောင်းတဲ့အရာတွေက
မေ့ဖို့ကောင်းခဲ့တယ်...
အဲဒီစာသားလေးအရမ်းကောင်းတယ်..။

ခင်တဲ့..ဘုန်းယု

ဝေလေး said...

အဖြစ်နဲ့အပျက်ဟာ
အဖြစ်အပျက်အတိုင်း
ဖြစ်ပျက်သွားခဲ့ကြပြီ

အဲဒါလေးကြိုက်တယ်အစ်ကိုရာ...
ဘယ်တော့မှမပြောနဲ့တော့.. :P

Layma said...

ဘာလဲ

ပြောပြမှ ဖြစ်လိမ့်မယ်

ဖြိုးငယ် said...

မပြောနဲ့တော့ကွာ

Mhaw Sayar said...

တစ်ချို့အရာတွေက ဘယ်တော့မှ မပြောတာကပဲ အကောင်းဆုံးဖြစ်လိမ့်မယ် ဘိုတင့်ရေ. :)

Unknown said...

ဘယ်တော့မှ မပြောတော့ဘူး...ကောင်းတယ်လို့...စတာနော်...ဟီးဟီး...ကဗျာလေးကောင်းတယ်အကို..။။။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe