• ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

Monday, 25 August 2008

၁ နှစ်ပြည့်အမှတ်တရ

ကျွန်တော့ရဲ့ ကဗျာဘလော့ဂ် လေးကို လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျာ ၊ဒီနေ့ကျွန်တော် ဟောဒီဘလော့ဂ် လေးနဲ့ ကဗျာရေးခဲ့တာ ၁ နှစ်ပြည့်တဲ့နေ့ပါ၊ ဒီအတွက် အမှတ်တရ အနေနဲ့ ယခုပို့စ်လေးကို ရေးလိုက်ပါတယ်၊ ကျွန်တော် စာမရေးတတ်ပါဘူး ခင်ဗျာ၊ စာမရေးတတ်ဘူးဆိုတာထက် စာဖတ်သူကို ဆွဲဆောင်မှုရှိလောက်အောင် ရေးမပြတတ်ပါဘူး၊ ကျွန်တော်ဝါသနာပါတဲ့ ပေမမီ ဒေါက်မမီ ကဗျာလေးတွေကိုပဲ တစ်ယောက်ထဲ ရူးသွပ်စွာ ရေးဖွဲ့ရင်းနဲ့ ဟော့ဒီဘလော့ဂ်လေးကို အသက်သွင်းခဲ့ပါတယ်၊ ပထမဆုံး စီဘောက်မှာ လာနှုတ်ဆက်ခဲ့တာက ကိုကြီးစိုးထက်ပါ ၊အဦးဆုံးကွန့်မန့်ပေးခဲ့တာက ကျွန်တော့် သူငယ်ချင်း ကိုမျှားပြာ ပါ(ကျွန်တော်ရဲ့ ညံ့ဖျင်းမှုကြောင့်အဲဒီကွန်မန့်လေး ပျက်သွားခဲ့ရတယ်) ၊ ဒီဘလော့ဂ်လေးရဲ့ ပထမဆုံးတန်းပလိပ်ကို ပြင်ဆင်ပေးခဲ့သူကတော့ ကျွန်တော့်နောင်တော်ကြီး ကိုဖိုးဇင်ပါ၊ မှတ်မှတ်ရရ ကျွန်တော် ပထမဆုံးဖတ်ခဲ့ဖူးတဲ့ မြန်မာဘလောဂ့် ကတော့ ကိုစိုးဇေယျ ရဲ့ဘလော့ဂ် ဖြစ်ပါတယ်၊ အင်တာနက် နည်းပညာတွေ တဟုန်တိုး တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဘလော့စာမျက်နှာတွေ တိုးပွားလာတာဟာဖြင့် ကျွန်တော်အတွက် အလွန်အင်တမန်မှ လေ့လာဆည်းပူးစရာများတဲ့ စာကြည့်တိုက်တစ်ခုအဖြစ် အလားသဏ္ဍာန်တူနေပါတယ်၊ မိမိသိလိုတဲ့ ဗဟုသုတ အကြောင်းအရာ အပြင် မိမိဝါသနာပါတဲ့ ကဗျာဖတ်ခြင်း၊ ကဗျာရေးခြင်းကိုလဲ တစ်ပြိုင်နက် လုပ်ဆောင်နိုင်တဲ့ အတွက် ကျွန်တော်ဒီပတ်ဝန်းကျင်လေးမှာ ပျော်မွေ့နေပါတယ်။


အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော့်ဘလော့လေးကို ပိတ်ထားခဲ့ဖူးပါတယ် တစ်ခါတစ်လေ ဘလော့ ဆက်မရေးချင်တော့ လောက်အောင်ကိုလဲ ခံစားဖူးပါတယ်၊ ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော်တို့ ပြောနေကြအတိုင်းပဲ ဗလာစာရွက်ပေါ်မှာ မှင်ကုန်ခံပြီး ရေးတာထက် စာရင်တော့ ကျွန်တော်တို့ကဗျာတွေ အရောင်ပိုထွက်လာတာအမှန်ပါပဲ၊ ဟောဒီဘလော့ဂ် စာမျက်နှာလေးတစ်ခုကြောင့်ပဲ မိတ်ဆွေအပေါင်းအသင်းများလဲ တိုးပွားခဲ့ပါတယ် သံယောဇဉ်ဆိုတဲ့ ဖြတ်ရခက်တဲ့ ကြိုးလေးတစ်ချောင်းအပေါ်မှာ ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံး ပုံကျခဲ့ပါတယ်၊ နောက်ဆုံးတော့ လတ်တလောဆန္ဒရဲ့ ကျေးကျွန်အဖြစ်မှ ကျွန်တော်ရုန်းထွက်နိုင်ခဲ့ပါတယ်။


ဘယ်တော့မှန်းမသိပေမယ့် တစ်နေ့နေ့တော့ ကျွန်တော်ဒီဘလော့ဂ်လေးနဲ့ သေချာပေါက်ခွဲသွားရမှာပါ ၊သူနဲ့အတူရှိနေနိုင်သေးသရွေ့တော့ ကျွန်တော်ချစ်တဲ့ ကဗျာများကို ကြိုးစားပြီးရေးဖွဲ့နေဦးမှာပါ၊ အမြဲလာအားပေးတဲ့ ကျွန်တော့်သူငယ်ချင်းများအားလုံး ကွန့်မန်တွေ အမြဲလာရေးပေးတတ်တဲ့ ကျွန်တော့်အစ်မတွေရော လာရောက်လည်ပတ်သွားကြတဲ့ ညီအစ်ကိုမောင်နှမ ဘလော့ဂါမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်၊ အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ ..။

17 comments:

ညိမ်းညို said...

ဘိုတင့်ရေ
တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ
မင်းချစ်တဲ့ကဗျာကောင်းတွေကို ဆက်လက်ရေးဖွဲ့နိုင်ပါစေ ကွာ။ ဒီစာမျက်နှာပေါ်မှာ ရေးရသည်ဖြစ်စေ၊ ရေးခွင့်မရတော့သည်ဖြစ်စေ မင်းချစ်တဲ့ကဗျာတွေကို အစဉ်တစိုက် ဆက်လက်ရေးဖွဲ့နေမယ်ဆိုတာ ငါယုံတယ်ကွာ။ အရောအနှောကင်းကင်းနဲ့ ကဗျာလမ်းလေးကိုပဲ တစ်နှစ်ပြည့်မြောက်သည်ထိ ရိုးရိုးရှင်းရှင်းလေးဖောက်လာခဲ့တာကိုလဲ အားကျမိတယ် ဘိုတင့်ရေ။ ပျော်ရွှင်ချမ်းမြေ့၍ အစစအဆင်ပြေပါစေဗျာ :) :)

နာတော့ တစ်နှစ်ပြည့်ပီး ၄ ရက်နေမှာ သိလို့ တစ်နှစ်ပြည့်ရယ်လို့ မလုပ်ဖြစ်လိုက်ဘူး အဟိ :P

Layma said...

တစ်နှစ်သား ကဗျာ ဘလော့ဂ်ငယ်...
သင်သည် သင့်သခင်၏ လက်ရာမွန်များကို ကျွန်မအား ဝေမျှနိုင်ခဲ့သည်... ။
ကဗျာဆိုတာ ဒီလိုမျိုးပါလားဟူသော အတွေးသစ်.. စကားလုံးသစ်များကို စားသုံးခွင့်ပေးခဲ့သည်... ။
သင့်မှတဆင့် စိတ်သဘောထားပြေပြစ်သော လူငယ်တစ်ဦးနှင့် မိတ်ဆွေ ဖြစ်ခွင့်ရခဲ့သည် ... ။
သင်သည် အင်တာနက်စာမျက်နှာပေါ်တွင် ရှိရကျိုးနပ်သော ... ဘလော့ဂ်ငယ်တစ်ခုဖြစ်ခဲ့သည်...။
သင် နှင့် တကွ ... သင့်သခင်တို့  ကြည်သာချမ်းမြ...
ဝမ်းဝ.. အဲ.. ရွှန်းပစွာ လက်တွဲ ခိုင်မြဲ နိုင်ကြပါကြောင်း ဆုမွန်ကောင်းတောင်းလိုက်သည်...။

Anonymous said...

အသက်ဇာတာထဲမှာ ပါတဲ့အတိုင်း... ၁၂၀ ရှည်စေသောဝ်... ဘလော့ကိုလည်း ၁၂၀ တိုင် ရေးနိုင်စေသောဝ်...


ဗေဒင်ဆြာကြီး
မောင်လုင်

Anonymous said...

စီနီယာကီး...ဂျူနီယာလေးမှ တစ်နှစ်ပြည့်ပို့ စ်အတွက် ၀မ်းမြှောက်ကြောင်း ၀က်သားသုတ်လာပို့ ပါတယ်ခင်ဗျာ မှတ်မိနေသေးတယ် ကိုတင့် ဘလော့ကို စရောက်တာ ဒီလိုအချိန်လေး အဲ့တုန်းက ဘာမှမရေးခဲ့ပဲတိတ်တိတ်လေးပေါ့ ကားပေါ်က သားအမိကို ဆရာမမုန့် ဖိုးပေးလိုက်တဲ့ထဲ ပြန်လျှူခဲ့တယ်ဆိုတည်းက သတိထားမိလိုက်တယ် ။ နောက်တော့ ဒီကဗျာဆရာရဲ့ လက်ရည်ကိုသဘောကျပြီး ကဗျာမခံစားတက်ပေမယ့် လာလာဖတ်ဖြစ်တယ် ။သူနာပြုလေးလည်း ပါသလို ရာဟုမလေးကောပေါ့ သိပ်ကိုကောင်းတဲ့ ကဗျာလေးတွေ သီကုံးလာတာ တစ်နှစ်ပြည့်သွားပြီးဆိုတော့ ၀မ်းသာတယ်ဗျို့  ခွဲရချိန် မတန်သေးခင်တော့ ပျော်ရွှင်စွာဆက်ဘလော့ကြတာပေါ့ အစ်ကိုရေ့ တစ်နေ့ တော့ ညီတို့ တွေ ခွဲရမှာပဲ သိပ်ချစ်တဲ့ ဘလော့လေးနဲ့ လေ ။ တစ်နှစ်ပြည့်မှသည် ရှေးဆက်ပြီး အခွင့်ရှိနေသ၍ Blogging နိုင်ပါစေဗျာ။

အိုင်လွယ်ပန် said...

အစ်ကိုချစ်တဲ့ကဗျာတွေကိုဆက်လက်ပြီးအစဉ်တစ်စိုက်ရေးဖွဲ့နိုင်ပါစေဗျာ...........

mgngal said...

အိမ်း ကောင်းလေစွ။အခုလိုရေးပြတော့လဲ သိရပေပြီ။ ဟီးဟီး
အစ်ကို ဘလော့င်္ဂတောင် ၁နှစ်သားတင်းတင်းပြည့်ပြီပဲ။မွေးနေ့ လုပ်ပေး
လိုက်ပါဦးအစ်ကိုရ။ကဗျာကောင်းများ အစဉ်ရေးသားနိုင်ပါစေ။

ရွှေရောင်ကောင်းကင် said...

တစ်နှစ်ပြည့်ထိ ကဗျာကောင်းတွေကို ခံစားရေးဖွဲ့နိုင်လို့ ဂုဏ်ယူပါတယ် ။ နောင်များမှာလည်း ကဗျာကောင်းတွေရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွာ..။

Unknown said...

Congrats; THS..
Happy One Year Anniversary !! :)
Keep blogging !! :)
I'll always be your Fan and keeping
your good work .
May continue to write many poem
more.

-Friendly
~Phone Yu~

Mhaw Sayar said...

တစ်နှစ်ပြည့်ဘလော့ဂ်ကနေ နောက်ထပ်. ဘလော့ဂ် ဆိုတဲ့ နေရာနဲ့ ဝေးကွာသွားရင်တောင် ကဗျာကောင်းတွေ ဆက်ဖန်တီးနေနိုင်ဦးမယ် ဆိုတာ ယုံကြည်မိပါတယ် ဘိုတင့်ရေ..

"ငါတို့ရဲ့ အတောင်ပံခတ်သံဟာ...." ဆိုတဲ့ ကဗျာကနေ စလို့ ဒီနေ့ ထိ ဒီဘလော့ဂ်ကို ကဗျာလာခူးနေသူ တစ်ဦးအနေနဲ့ နောက် နှစ်များစွာ အထိ ကဗျာတွေ ဆက်ပြီး ပွင့်နိုင်ပါစေကြောင်း ဆုတောင်းပေးသွားပါတယ်. :)

Unknown said...

မောင်လေးတင့်ထူးရွှေ
ကဗျာကောင်းလေးတွေအမြဲထာဝရရေးနိင်ပါစေ..
ထာဝရအားပေးနေတယ်ဆိုတာယုံ…
မောင်လေးဘလော့လေးလည်းအမြဲထာဝရ
ရှင်သန်နေနိင်ပါစေလို့လည်းဆုတောင်းပါတယ်..

Unknown said...

ကွန်နက်မရလို့ ... အခုမှရောက်ဖြစ်တယ်ကွာ ..
ဘာပဲဖြစ်ဖြစ်ပေါ့ .. တစ်နေ့နေ့ ခွဲရမယ်ဆိုပေမဲ့
အတူရှိနေသေးတဲ့ အချိန်တွေအထိတော့
ဒီစာမျက်နှာတွေပေါ်မှာ မင်းရဲ့ကဗျာတွေလေးတွေ ရှင်သန်နေတာကို
မြင်ချင်တယ်ကွာ

၀ဿန်ဦး said...

အားပေးလျက်ပါ သူငယ်ချင်း...

ein said...

ကဗျာကောင်းတွေကို အားပေးနေမယ်မောင်တင့်...:)

နှင်းပွင့်ဖြူ said...

1 နှစ်ပြည့်သွားပြီဆိုတော့ မုန့်လေးဘာလေးကျွေးသင့်တာပေါ့ အတင့်ရယ်။
မှတ်ထားမယ် ....... နောက်မှကျွေးတော့နော် :P

Unknown said...

မင်းချစ်တဲ့ ဂျင်းအင်္ကျီလေး ထာဝရ ရှင်သန်မှာ ငါယုံကြည်ပါတယ် သူငယ်ချင်းရာ...။ :)

wai said...

ကောင်းတယ် ကြိုက်လို့ коментарии ပေးခဲ့တယ်။

ကြယ်စင်နတ်သမီး said...

မောင်လေးရေ...
တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မောင်လေးချစ်မြတ်နိုးတဲ့ ကဗျာကောင်းများစွာကို ရေးသားမွေးထုတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...း)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe