• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Thursday 14 August 2008

အစီးများတဲ့ ရေ

နုတ်မရတဲ့ စကားတစ်ခွန်းနဲ့

ယာဉ်ကြောမှားခဲ့တဲ့ သံယောဇဉ်

အချစ်မှာ ပရောပရီ နေခဲ့ကြတယ် ။

ဘေးကျပ်နံကျပ်

အိုင်ထွန်းနေတဲ့ စိုးရိမ်စိတ်ကို

ခပ်ထုတ်ကြည့်

ဘယ်လောက်နဲ့ ဘယ်လောက်ကြား

အကွာအဝေးမှာ

အချစ်ဟာ လမ်းပြမပါပဲ

ရောက်အောင်လာနိုင်ခဲ့ ။

အဆင်မပြေမှုအားလုံးကို

တောင်းအလွတ်တစ်လုံးထဲစုထည့်

ခပ်ဝေးဝေးသာလွှင့်ပစ်လိုက်တော့

နွယ်ပင်လို တွယ်တက်လာတဲ့ သံယောဇဉ်မှာ

ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး

တုတ်တုတ်မှမလှုပ် ။ ။

11 comments:

ညိမ်းညို said...

ဘိုတင့်ရေ တုပ်တုပ်မှမလှုပ်နိုင်အောင် အချုပ်ခံနေရတာကိုက အရသာကွ :P

Anonymous said...

ခပ်လည်းထုတ်ရသေးတယ် အတုတ်အချုပ်လည်း ခံရတယ်... ကျွတ်..ကျွတ်... သြော်... အောက်မှာ ဘဝတူက တခါတည်း ကော်မန့်ဝင်ရေးထားသကိုး... ဒီတစ်ခါလာရင် တုတ်တုတ်မျှ မလှုပ်နိုင်အောင် ချုပ်လိုက်မယ်...

Kyaw Myat Thu said...

လန်းတယ် ညီရေ. စကားတစ်လုံးချင်းကိုက ကဗျာပီသ နေတယ်. :)

Anonymous said...

မလှုပ်တော့တာက ချည်ခံလိုက်ရလို့ လား ဒါမှမဟုတ် ရုန်းထွက်လိုက်လားး) တောင်းစုတ်လေး မပစ်ပါနဲ့ ဗျာ ညီ့ကိုပေး ကောင်မလေးကို ပန်းလက်ဆောင်ပေးရင် ထည့်မလို့း)

mgngal said...

အိုင်ထွန်းနေတဲ့ စိုးရိမ်စိတ်
ဆိုပဲ ...လန်းလွန်းတယ်။

ဝေလေး said...

အဆင်မပြေမှုအားလုံးကို တောင်းအလွတ်တစ်လုံးထဲစုထည့် ခပ်ဝေးဝေးသာလွှင့်ပစ်လိုက်တော့

ဟုတ်တယ်.. လွှင့်သာပစ်လိုက်... :P

Layma said...

ဟိတ်... မလှုပ်နဲ့ ...
ယာဉ်ကြောမှားခဲ့တယ်မို့လား..
တက်.. ကားပေါ်တက်.. ၅၂ လမ်းရုံးလိုက်ခဲ့... ဒဏ်ငွေဆောင်...။

အိုင်လွယ်ပန် said...

မလှုပ်သာတာလေးကိုကအဓိပ္ပါယ်ရှိနေတာအစ်ကိုရ....
ရေးလိုက်တိုင်းကိုကောင်းနေတော့တာပဲ.....
ကောင်းသောနေ့ပါအစ်ကိုရေ.......

Unknown said...

အစီးများတဲ့ရေထဲမျှောပါသွားပြီလား
ကဗျာတွေဖတ်ရတာလိုက်မှီတော့ဘူး။.

ein said...

ဘယ်လိုစကားမျိုးက နုတ်လို့မရတာလဲကွ မောင်တင့်ရ နာတော့ အဲလိုတွေ နားလည်တော့ဘူး...:P
နာလည်း အဲလိုလွှတ်ပလိုက်ချင်တာ...:P
တူကကြောဒယ် နာ့ဆီက လွှင့်ပလိုက်တဲ့ အဆိုးတွေကို ပျော်ရွှင်မှုအဖြစ်နဲ့တောင် လက်ခံတယ်ဆိုလား ဟုတ်နိုင်ပါ့မလားနော် ...:P

ဖြိုးငယ် said...

နွယ်ပင်လို တွယ်တက်တဲ့ သံယောဇဉ်မှာ မင်း
ခန္ဓာကိုယ် တုတ်တုတ်မလှုပ်နိုင်လို့ ပိန်နေတာ ဖြစ်ရမယ် .. ဟတ်ဟတ်

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe