အိပ်မက် နယ်နမိတ်များနဲ့ တဖက်ကမ်း
လေးကိုင်းသဏ္ဍာန် နှုတ်ဖျားက
ပွင့်လာတဲ့ စကားလုံးတိုင်း လှတယ်
ဒီထက်ပိုပြီး ဘာကို မျှော်လင့်မိမှာတဲ့လဲ ။
အရှိန်ပြင်းပြင်းနဲ့
နှလုံးသားကို စေခိုင်းလိုက်ပုံများ
ငြင်းဆိုပိုင်ခွင့် မရလိုက်ဘူး
(ကျွန်တော်ကိုယ်တိုင်မတားဆီးလိုက်ခြင်းပါ)
စည်းအထပ်ထပ်ခြားသွားခဲ့တယ် ။
အရာရာကို မထုံတက်တေး
ကိုယ်လေးလက်ဝင် အတွေးတွေနဲ့
ကျွန်တော့် အိပ်ပျက်ညတွေ အပေါ်
အကြင်နာ တစ်စွန်းတစ်စလောက်ဖြစ်ဖြစ်
(အမှန်က)စိတ်ကူးယဉ်ခွင့် ပေးဖို့ကောင်းပါတယ် ။
မျှော်လင့်မိလိုက်တိုင်း
မကြာခဏ ရင်ဘတ်ရှလွယ်တဲ့
မှန်ကွဲစလေးရေ
ဘယ်လိုပဲ အလွမ်းတွေကို စာဖွဲ့ပေမယ့်
ဖမ်းဆုပ်ခွင့်မရခဲ့တဲ့
အိမ်မက် အသေတွေက
(အဲဒါ) အချစ်ရဲ့ သွေးစက်လက်
ဒဏ်ရာဒဏ်ချက် တစ်ချို့ ပဲကွယ့် ။ ။
5 comments:
ကိုတင့်ကြီး လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းဆိုတာ ဘယ်လိုလေးလဲဗျ ကျနော်တော့ နှင်းဆီဖူးနှုတ်ခမ်းလို
လေးပဲကြိုက်တယ် ။ အရှိန်တော်၂ပြင်းတယ်ထင်တယ် ဒါကြောင့် ကဗျာတွေ ရေလည်လန်းနေတာ အချစ်ရဲ့ သွေးစက်လက်
ဒဏ်ရာဒဏ်ချက် တွေ လုပ်မနေနဲ့  သူနာပြုဆရာမလေးရှိနေရဲ့လားနဲ့ ဗျာ ချုပ်ခိုင်းလိုက်ပေါ့ လွယ်လွယ်လေး ဟားဟား အဆင်ပြေပါစေဗျာ ။ အားလုံးပေါ့ ( အချစ် ၊ အိမ်ထောင်ရေး၊ စီးပွားရေး ၊ဘောပွဲး) )
Cheer my fri !
This poem is good !
Carry on...:)
ကောင်းတယ်ဟေ့ ဆရာတင့်ရေ...
ကျွန်တော့် အိပ်ပျက်ညတွေ အပေါ်
အကြင်နာ တစ်စွန်းတစ်စလောက်ဖြစ်ဖြစ်
(အမှန်က)စိတ်ကူးယဉ်ခွင့် ပေးဖို့ကောင်းပါတယ်
အဲဒါလေးကိုတော့အကြိုက်ဆုံးပဲ
ဆြာတင့် ကျွန်တော်ကတော့ ဒီအပိုဒ်လေး ပိုကြိုက်တယ်ဗျ..
“အရာရာကို မထုံတက်တေး
ကိုယ်လေးလက်ဝင် အတွေးတွေနဲ့
ကျွန်တော့် အိပ်ပျက်ညတွေ အပေါ်
အကြင်နာ တစ်စွန်းတစ်စလောက်ဖြစ်ဖြစ်
(အမှန်က)စိတ်ကူးယဉ်ခွင့် ပေးဖို့ကောင်းပါတယ် ။”
အင်း...အိပ်ပျက်ညတွေများနေတယ် ဆြာတင့်ရာ...
အိပ်ဆေးလေး ရှိရင်မျှပါဦးဗျ.. :D :P
ထိတယ်ကွာ စာသားတွေက..မင်းတို့တွေကြောင့် ကဗျာဆက်မရေးတာ... စည်းအထပ်ထပ်ခြားတာပဲကွာ ဘ၀အထပ်ထပ်ခြားသေးတာမှမဟုတ်တာ...။
Post a Comment