• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Tuesday 1 July 2008

သီးခြားကမ္ဘာ

မီးညွန့်တစ်အားကောင်းနေတော့
တစ်ပုံးလဲ မရ နှစ်ပုံးလဲ မရ
ဖြစ်ပုံများ
မီးများမီးနိုင်ပဲ …
တစ်နေ့တစ်နေ့
ဝှက်စာတွေ ထိုင်ဖော်ရတာကပျင်းရိဖွယ်
စာမတတ်တော့လဲ
မျက်စိသူငယ် နားသူငယ် ။ ။

12 comments:

ကိုရင်ညိန်း said...

မီးညွှန့်တစ်အားကောင်းသလို အသံအား အပြော အားကောင်းလှချည်ရဲ့ ဦးတင့်ရေ .. အမြန်ဆုံး မျက်စိပွင့် နားပွင့်နိုင်ပါစေဗျာ ။

ကိုရင်ညိန်း said...

မီးညွှန့်တစ်အားကောင်းသလို အသံအား အပြော အားကောင်းလှချည်ရဲ့ ဦးတင့်ရေ .. အမြန်ဆုံး မျက်စိပွင့် နားပွင့်နိုင်ပါစေဗျာ ။

ညိမ်းညို said...

ဘိုတင့်ရေ မင်းကောက်ရထားတာလေး ကောင်းလိုက်တာကွာ အလိပ်၅၀ တောင်ကျော်သွားပါပေါ့လား

မွန် said...

ဝှက်စာတွေကိုပဲ မပျင်းမရိ အဖြေရှာနေတဲ့ မျက်စိသူငယ် နားသူငယ်နဲ့ သူငယ်လေးတစ်ယောက် ဖြစ်ပုံများ သနားဖွယ်

Unknown said...

THS..
ကဗျာရဲ့ ရည်ရွှယ်ချက်..့ ကဘာကိုဆိုလိုချင်လဲတော့မသိဘူး
အားကောင်းတဲ့မီးညွှန့် ကိုနိုင်တဲ့ရေတော့ရှိပါတယ်
ဝှက်စာတွေဖေါ်ရင်းနဲ့ စာတတ်အောင်သင်လိုက်လေ
ဒါဆိုအိုကေမှာပါ...၊ :)

Anonymous said...

ကဗျာမှာ အားလျှော့သံတွေပါနေသလားလို့  မျက်စိသူငယ် နားသူငယ်ဆိုပါလားး မီးဆိုကြောက်တယ် မိုးရာသီဆိုတော့ ရေပေါပါတယ်ဗျ :)

ပန်းခရေ said...

ကဗျာမိုက်တယ်ကွာ...
ကောင်းလွန်းလို့
မပြောတတ်တော့ဘူး

Layma said...

ဗိုလ်တင့် ကဗျာတွေ ဖတ်ပြီး ၀ှက်စာတွေ ဖော်နေရတဲ့ မလေးမ ကမှ တကယ့် မျက်စိ သူငယ် နားသူငယ်..။

မျှားပြာ said...

အပေါ်က အစ်မကြီး ပြောသလိုပါပဲဗျာ ....

ein said...

ဘယ်ကြောင်းရာကိုစာမတတ်ဘူးပြောတာလဲ မောင်တင့်ရ :P

အညာသား said...

ဝှက်စာတွေဖော်နေတဲ့ “မောင်တင့်” ရေ.. 'လျှို့ဝှက်' တွေ မပေါက်ကြားစေနဲ့နော်။ :P

ထိပေ့သျှင် said...

သူငယ်ချင်းရေ
မင်း ကဗျာ ထဲက မီးများ မီးနိုင် ၊ မျက်စိသူငယ်၊ နားသူငယ် ဆိုတဲ့ စာသားလေးကို ငါထင်ရာ ဆွဲတွေးသွားတယ်။ စာမေးပွဲ အဆင်ပြေလားကွ၊

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe