• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Friday 11 July 2008

သံတူကြောင်းကွဲ

ချိုင့်ဝှမ်းထဲက ငါ့အတွေးတိုင်းကို
နင့်အရိပ်တွေနဲ့ပဲ အုပ်မိုးထားခဲ့
သွေးထွက်သံယိုများမယ်မှန်းသိတဲ့ ကစားမှုမျိုးကို
ဘယ်လိုအတွေးနဲ့ လက်တည့်စမ်းလိုက်သလဲ
ညဟာ တဖြည်းဖြည်း
အလင်းရောင်နဲ့ဝေးဝေးလာခဲ့
လာလမ်းတွေ ဖြောင့်ခဲ့တယ် ။

ဒီတစ်ခါ မှန်လိုက်တဲ့ ခဲက
ကန်ရေပြင်တစ်ခုလုံး ၀ဲဂယက်ထသွားတယ်
ဒါဟာ ငါ့ပယောဂ သက်သက်မဟုတ်တာကိုတော့
နင့်လိပ်ပြာသန့်ပေးပါ
နောက်ဆုံးကြယ်သီးတစ်လုံးဖြုတ်အပြီးမှာ
ငါ့ရင်ဘတ်တစ်ခုလုံး
အေးစက်မာကျောနေခဲ့ပြီလား ။

အက်ရာအက်ကြောင်း မထင်မိစေဖို့
နင့်လက်နဲ့ဖြစ်ဖြစ်
ငါဖတ်ဖို့ နောက်တစ်မျက်နှာ လှန်လိုက်ပါတော့
အပျက်ပျက်နဲ့ ဒီလိုနှာခေါင်းသွေးထွက်မယ့်အရေး
ဘယ်သူက ဘယ်သူကို ချိန်ရွယ်မိမှာလဲ ။

ဒီမှာ နင်လဲကျခဲ့တုံးက ဘယ်သူအရင်ဆုံးထူမခဲ့သလဲ
အချစ်ကိုလျှော်ကြေးတစ်ခုလို
လိုလိုလားလားပေးဆပ်ခဲ့တဲ့ငါ့အတွက်
ဘယ်လို ဘေးထွက်တွေနဲ့ စတေးပစ်လိုက်ရမလဲ ။

ဖြစ်နိုင်ရင်
ဒီဘ၀မှာတင် နင့်အပေါ်တင်နေတဲ့
ငါ့ရဲ့အချစ်တွေ အကြေပေးလိုက်ပါရစေတော့ ။ ။

13 comments:

Anonymous said...

အကြိမ်ကြိမ်လဲကျနေတိုင်း အဦးဆုံးထူမ ပေးခဲ့ဖူးတယ် ဦးတင့်... ကျုပ်လည်း သွေးထွက်သံယိုတွေ များနေတုန်းပဲဗျ... ဟဲဟဲ.. မပေးရင်မရဘူး ဆိုတဲ့ စကားပုံရှိပေမယ့်... အကြိမ်ကြိမ်ပေးတာများတော့ ရင်ဘက်မှာ ဗလာပဲကျန်တော့တယ်ဗျာ... ကောင်းတယ်ဗျို့...

ကိုရင်ညိန်း said...

ဆရာ ကျော်အောင်သစ်လို ၀ဋ်ကြွေးတွေ မကျေသေးတဲ့ ဦးတင့်ရေ ဒီဘ၀မှာပဲအကုန်ကျေပါစေဗျာ ။
အပျက်အပျက်နဲ့ဒီလိုနှာခေါင်းသွေးထွက်မယ့်အရေး
ဘယ်သူကဘယ်သူ့ကို ချိန်ရွယ်မိမှာလဲ ။
အလိပ် (၅၀)ပါဗျာ ။

ဖြိုးငယ် said...

ဆရာတင့် .. အကြေပေးလိုက်ပြီလားဗျ ...
မြန်မြန်ပေးလိုက်ပါတော့ဗျာ ... ခင်ဗျားကို သနားလို့ ...

Anonymous said...

“နောက်ဆုံးကြယ်သီးတစ်လုံးဖြုတ်အပြီးမှာ
ငါ့ရင်ဘတ်တစ်ခုလုံး”
အဲ့အချိန် ကောင်မလေး တော်တော် ရင်ခုန်သွားမယ် ဟားဟားး :)

Unknown said...

အချစ်ကိုလျှော်ကြေးတစ်ခုလို..လိုလိုလားလား
ပေးဆပ်ခဲ့တဲ့ငါ့အတွက်...ဘာတွေနဲ့ စတေးချင်
လဲ... :P အဆင်ပြေပါစေရှင်။

မျှားပြာ said...

အရင်ဆုံး အကြွေးတွေ ကျေအောင်လုပ်လေ .. ပီးမှ ကျန်တာ ဆက်လုပ်တာပေါ့ ... :P
anyway ... nice poem ... go go nal

Layma said...

ရှေ့ကကောင်လေး ပြောတဲ့ အတိုင်းပဲ.. ဟဲ..ဟဲ

Layma said...

ပြာယာခတ်ကို စချင်လို့  ရေးလိုက်တာ ဘိုတင့်ရေ..။
အတည်က ခုမှရေးမှာ...။
သွေးထွက်သံယို ကစားနည်းဆိုတော့ စိတ်လှုပ်ရှားဖို့  ကောင်းတာပေါ့ ဘိုတင့်ရဲ့...။
အကြွေးကျေအောင်ဆပ်ချင်စိတ်ကလေးရှိတာတော့ ကောင်းတယ်ဟေ့.. အချစ်ကြွေးတင်မက သူငယ်ချင်းတွေ ဆီ အကြွေးတင်နေရင်လဲ မြန်မြန်ဆပ်လိုက်နော်...။

ညိမ်းညို said...

ဘိုင်တင့်ရေ
ဒါဒါ ဒစ်ဒစ်
ဒစ်ဒစ် ဒါဒါ
ဘာမှမဟုတ်ဘူးရယ် ငါကြေးနန်းပို့လိုက်တာ :) :)
သံတူကြောင်းကွဲတွေများလွန်းတော့ ငါ့သယ်ရင်းကြီးကဗျာတွေလဲ ဗဟိုချက်မဲ့ကုန်တာပေါ့
(အလကား အလကား စတာဗျ :D )
ပျော်ရွှင်ပါစေ သယ်ရင်းရေ

ein said...

အဆင်ပြေပါစေမောင်တင့်ရား)

mgngal said...

အကြွေးဆိုတာ ရှိလေ လူချစ်လူခင်များလေပဲ :P

mgngal said...

ကောင်းတယ်ဗျာ ဒါပဲပြောနိုင်တယ် ဟီး

အိုင်လွယ်ပန် said...

ကောင်းတယ်ဗျ...ကိုတင့်ရေ.....

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe