• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 19 July 2008

စနေနေ့မှ ဆုံဖြစ်တယ်

ထုတ်လှမ်းထားမိတဲ့ သံသယတွေ
ရုတ်သိမ်းလိုက်တဲ့အခါ
ညောင်းညာနေတာတွေ
အားလုံးပျောက်သွားသလို
အတွေးက
ဆိပ်ကမ်းကို နှစ်ခါပြန်မကပ်
အိမ်ရှေ့ပေါက်က တက်လာပြီး
နောက်ဖေးပေါက်က ပြန်ဆင်းသွားသလို
ဒီမှာတင် ကိစ္စပြီးတယ်
ခံစားချက် တူညီသလောက်
ရင်ခုန်သံခြင်း ပေါင်းကူးကြည့်တော့
ဒီလောက်တောင်ပဲလားတဲ့
ကျွန်တော်က
ဒီထက်တောင်ပိုသေး ။ ။

13 comments:

ညိမ်းညို said...

ဘိုတင့်ရေ ရေလည်လန်းတယ်ဗျို့
အနားသာရှိရင် လက်ဆွဲဝှေ့ရမ်းလိုက်ချင်စမ်းရဲ့ဗျာ :P

Unknown said...

ကျွန်တော်ကဒီ့ ထက်တောင်ပိုသေး။ ။ တဲ့
ကဗျာကောင်းတွေဖတ်ရတာကျေးဇူးပါ..
THS...အဆင်ပြေပါစေ..အရာအားလုံး..။

Unknown said...

ကျွန်တော်ကဒီ့ ထက်တောင်ပိုသေး။ ။ တဲ့
ကဗျာကောင်းတွေဖတ်ရတာကျေးဇူးပါ..
THS...အဆင်ပြေပါစေ..အရာအားလုံး..။

ein said...

အကောင်းဆုံးပဲ အဲသံသယတွေရှိနေရင် ကိုယ့်စိတ်ပဲ ပူလောင်ပါတယ်မောင်တင့်ရာ..
သိတယ် မောင်တင့်တို့က ဒီထက်တောင် ပိုနေမယ်ဆိုတာ ဟဲဟဲ အဆင်ပြေနေတယ်ပေါ့ အဲလိုပဲ ကြားချင်တယ်မောင်တင့်ရေ
ပျော်ရွှင်ပါစေ...း)

လင်းဦး(စိတ်ပညာ) said...

ကျွန်တော်က ဒီထက်တောင် ပိုသေး ...
ကောင်တယ် ညီလေးရေ....

မသက်ဇင် said...

ဒီထက်ပိုဆိုသေးတဲ့ ကောင်းတယ်ဆက်ရေးပါအားပေးတယ်။

ကဗျာချစ်သူ
မသက်ဇင်

layma said...

ကျွန်တော်ကဒီ့ ထက်တောင်ပိုသေး။

Ha,,ha .. ကောင်မလေးက “ အပိုကြီး” လို့  ပြန်မပြောဘူးလား.. ဘိုတင့်...။
ကဗျာဆရာတွေ အဲဒါ တစ်ဗန်းသာတာပဲ...။
မင်္ဂလာပါ ဘိုတင့်..။

မျှားပြာ said...

ဒါအကုန်ပဲလား :P

ဖြိုးငယ် said...

ငါကတော့ အခုမှ လာရေးဖြစ်တယ်ဟေ့ ..
စနေနေက ဆုံနေလို့ ...:P

Mintasay said...

ကျနော်ကဒီထက်တောင်ပိုသေး...ရိုး၇ိုးလေးနဲ့ ရသမြောက်တယ်

Anonymous said...

ဒီ့ထက်တောင်ပိုသေးတယ် ဟိဟိ ယုံဘုးတဲ့ အစ်မက ပြန်ပြောသွားတယ် မကြားလိုက်ဘူးလားဗျး)

Mhaw Sayar said...

လန်ထွက်နေပါလား ညီရ. အရမ်းကောင်းတယ်ဗျာ ကဗျာလေးကတော့ . ကျေးဇူးပါ. :)

Unknown said...

ကိုတင့်ရေကဗျာတွေအားလုံးနီးပါကလန်းနေတော့ ဘယ်ကဗျာကို ကောမန့် ပေးရမလဲမသိဘူး အရမ်းကောင်းတယ်ဗျာ ကိုတင့် အားလုံနီးပါးကိုပေးလိုက်ချင်တယ် ဒီထက်တောင်ပိုသေးတယ်ပေါ့ ....:)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe