• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Friday 2 May 2008

ဝေဒနာ (၂)

ငါ့ခေါင်းထဲက အမှတ်သညာကို
နံရံနဲ့တိုက်ထုတ်တိုင်းလဲ
ထွက်ကျမလာတော့ဘူး

နှလုံးသားမှာ သွေးခဲနေတဲ့
ဒီနာမည်ကို
ဘာလို့ ခြစ်ထုတ်ပြစ်ရမှာလဲ

အဲဒီအိပ်မက်ဟာ
ညမွေးပန်းကြောင့်ဆိုရင်
အိပ်စက်ခြင်းကို အပြစ်တင်မယ်

9 comments:

Layma said...

ညမွှေးပန်း နဲ့ အိပ်စက်ခြင်း..ဘယ်လိုပတ်သက်သတုန်း ဘိုတင့်ရဲ့..။

ဖြိုးငယ် said...

ကောင်းလိုက်တဲ့ကဗျာ ပဲ.. ဒီမှာ ညမွှေးပန်းတော့
မတွေ့မိဘူး ... ကောင်းကောင်းအိပ်ပါကွာ

မျှားပြာ said...

အိပ်ရေးဝအောင် ညမွှေးပန်းတွေ မရှုနဲ့ ...။

Unknown said...

ဝေဒနာ(၂)ကဗျာကိုဘယ် font သုံးထားလဲ...ဖတ်လို့ မရဘူးရယ်...

Anonymous said...

ညမွှေးပန်းက ကြာကြာ ရှူရင် မူးတယ်ဆို အစ်ကို ဒါကြောင့် အိပ်မပျော်ခင် တံခါးတွေကို သေချာပိတ်အိပ် မူးအောင်သောက်ပြီးတော့သာ အပီပြင်ကို အိပ်ပစ်လိုက်တော့း)

Unknown said...

ဘယ်သူကိုမှအပြစ်မတင်တာအကောင်းဆုံးမဟုတ်လား...ဝေဒနာတွေကိုကဗျာနဲ့ ခံစားပြီးရေးလိုက်တာဖြေဆေးတစ်ခုမဟုတ်လား....ပျော်ရွှင်ခြင်းများ THS အပေါ်ကျရောက်ပါစေ...။

ein said...

အဲ့ အလုပ်နဲ့လေ THS ရ နံရံနဲ့တိုက်ထုတ်နေပီလားကွ အော ဆိုးပကွာ...:P
အိပ်ရေးဝအောင်တော့ အိပ်ပါဦး THS ရယ် ငါ ပြောတာ ဟုတ်တယ်ဟုတ် ...း)

Unknown said...

တိုတိုလေးနဲ့ ကောင်းတယ်ဗျာ...ကျွနိတော်က မီထရို ကျောင်းကနော်..မှတ်မိသေးလား အစ်ကို...ဟဲဟဲ...ကဗျာကောင်းတယ်...။။။။

တင့်ထူးရွှေ said...

maung ... ညီလေးရေ အကိုက BMSTU ကပါ ၊ မီထရို ကျောင်းကဆိုတော့ ဘယ်သူများပါလိမ့် ၊ အောင်ကျော်ဇင်လားကွ ။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe