တစ်လှေလုံးမှောက်
တစ်နေရာစာ ခြေချခွင့်ရတဲ့ လူ့အဖြစ်အပေါ်
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]
မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
တစ်နေရာစာ ခြေချခွင့်ရတဲ့ လူ့အဖြစ်အပေါ်
6 comments:
ဘိုတင့်ရေ မင်းရေးထားတဲ့ ကဗျာတွေကတော့ အလိပ် ၅၀ ကွက်တိတွေချည်းပါပဲကွာ။ အားရစရာကောင်းလိုက်တာ။ ဆက်ချနော..။ အားပေးနေမယ်ဗျ :) :)
မမီတော့ဘူး တကယ် ... အားငယ်လိုက်တာ
မြင့်တယ် သိပ်မပေါက်ဘူး ၅ ခေါက်တောင်ဖတ်တာပဲ မရဘူးဗျ ဘာလို့  အနာမကျက်တာလည်းလို့  သိတော့သိတယ်ချင်တယ် ။
(မှတ်ချက်။ ။ သူတို့ အချင်းချင်းပဲ မြှောက်နေကြတယ် မနာလိုတော့ဘူး ဟီးး ကိုယ့်ငါးချဉ်ကိုချဉ်း) )
တစ်လှေလုံးလား... တစ်ယောက်လောက်တောင် အကောင်းမကျန်နိုင်ဘူးလား....။
THS... သူအချိန်နဲ့ သူတော့အနာကျက်သွားမှာ
ပါ...အချိန်တစ်ခုတော့ပေးရလိုက်မယ်လေ..
ဒါပေမဲ့ဒီကဗျာလေးကဘ၀ရဲ့ အမှတ်တရလေး
ပေါ့..ကဗျာလေးကောင်းတယ်..အားပေးလျှက်ပါ
... :)
ဘယ်လိုချိန်ချိန်အလေးပြည့်တဲ့သမာဓိ ချောင်ထိုးခံထားရတဲ့သစ္စာတရားစာသားတွေအရမ်းမိုက်တယ်
တစ်ချို့ တော့လိုက်မမှီဘူးဗျို့ ကိုတင့်ရေ ...:)
Post a Comment