ဘိုးတံပျောက်နေတဲ့ ငါ့တယောလေး
လက်ဖက်ခြောက်ခပ် နှပ်ထားတဲ့
ခပ်ကျကျ လက်ဖက်ရည်တစ်ခွက်လို
ညတွေကိုမော့သောက်
အလွမ်းတွေ ပျို့အန်လာပုံများ
လူမသိ သူမသိ
ကဗျာတောင်းကြီးထဲ
တစ်စစီကောက်ထည့် …
အစိပ်စိပ်အမွာမွာကွဲ ဖရဲသီး
ရင်ကြားစေ့လိမ္မော်သီး ။
အလောင်းဖျောက်ဖျက်ခံလိုက်ရတဲ့
ဝိညာဉ်တစ်ခုရဲ့ ကွယ်ရာမဲ့တေးလို
စိတ်တစ်ခုရဲ့ ကြိမ်နှုန်းဟာ အတိတ်ကို တဖျပ်ဖျပ်ထခတ်
ဝမ်းနည်းမှုတွေနဲ့ ငါ့တစ်မြို့လုံး အလံတစ်ဝက်တင်လို့
ဘိုးတံပျောက်နေတဲ့ ငါ့တယောလေး
ကိုးကွယ်မှုမှာ ဘာသာမဲ့ခဲ့တယ် ။
4 comments:
အစိပ်စိပ်အမွာမွာကွဲ ဖရဲသီး ၊
ရင်ကြားစေ့လိမ္မော်သ။
သိပ်ကောင်းတဲ့ တင်စားချက်နိမိတ်ပုံလေးပဲကွာ။
ငါလဲ ငါတို့တွေ့နေမြင်နေကျ အရာဝတ္တုလေးတွေနဲ့ ကဗျာရေးတတ်ချင်တယ်ကွာ။ အားလုံးအဆင်ပြေပါစေ သူငယ်ချင်းကြီးရေ :) :)
နယ် လွမ်းတတ်အောင် သိပ်မလုပါပါနဲ့ ...
မှန်တာကို ၀န်ခံရရင် တင့်ထူးကဗျာ .. ညိမ်းညို ကဗျာတွေ ဖတ်ပြီး အစ်မ ကဗျာရေးရမှာ အားငယ်နေတယ်...။
ကောင်းလိုက်တဲ့ကဗျာလေး...နိမိတ်ပုံတွေနဲ့ တင်
စားသွားတာ..ငါ့တယောလေးကိုဘိုးတံအသစ်
လေးပြန်ဝယ်ပေးလိုပါလား.... :)
Post a Comment