နောက်တစ်ခါဆို...
နောက်တစ်ခါ မမူးတော့ပါဘူး
သမီးလေးမျက်နှာ ပြေးမြင်တယ်
သူလဲပဲ အရွယ်ရောက်နေပြီ
ရှက်ရှာမှာပေါ့
နောက်တစ်ခါ မသောက်တော့ပါဘူး
ငါ့အတွက် အရက်တစ်လုံးဖိုးက
ညစာဟင်း တစ်ခွက်ဆိုလဲ
ငါတို့ထမင်းဝိုင်းလေး စိုပြေမှာပဲ
နောက်တစ်ခါ မရမ်းတော့ပါဘူး
မျက်နှာမထားတတ်တဲ့
အိမ်သူခမျာ ပူပန်သောက
မျက်ရည်ကျရတော့ စိတ်မကောင်းဘူး
နောက်တစ်ခါ အဖော်မရှာတော့ပါဘူး
အတင်းတိုက်တိုင်း သောက်တတ်တဲ့
အားနာမှု့က ငါ့လစ်မစ်ထက် ပိုမူးစေတယ်
နောက်တစ်ခါ မသောက်တော့ပါဘူး
မူးလာရင် သွေးဆိုးတတ်တဲ့ အကျင့်ကို
ဂုဏ်သိက္ခာတစ်ထပ်နဲ့ အလဲအလှယ် လုပ်ခဲ့ပြီးတဲ့နောက် ။ ။
6 comments:
တိန်!! ဘိုတင့်ရေ မင်းကို မောင်မျိုးက အရက်သမားကြီးထင်နေပါဦးမယ်ကွာ။ အရင်တခါသူနာပြုဆရာမလေး ကဗျာရေးတုန်းကလဲ မင်းကို မှားထင်လေရော မဟုတ်လားကွ :P :P
တိန် ငါ့ကို စောင်းရေးထားတာလား များပီနော်
ဟီးး ဦးကြွက်ကြီးပြောသလိုပဲ ဒီကဗျာလေးတော့ အရမ်းကြိုက်တယ် ၀ဘာလည်းတော်တော်ကျတယ် ညီတို့ ဆိုင်က ပုံမှန်ဖောက်သည် ဦှးလေးကြီးကို ပြေးမြင်မိတယ်ဗျ သူ့ မိန်းမ ဆိုင်မှာ လာခေါ်ရင် နောက်တစ်ခါဆို မသောက်တော့ပါဘူး မိန်းမ ရယ်ဆိုပြီး ဆိုင်ကိုတော့ တစ်နေ့  တစ်ခေါက်ရောက်တယ် ဗျး) နောက်တစ်ခါမလုပ်တော့ပါဘူးဆိုတာ မုသားစကား ဟားဟား ။
ယမကာ လုလင်ရဲ့ တဖွဖွ ရွတ်တဲ့ ဂါထာ တစ်ပုဒ်လိုပဲ ...။
နောက်တစ်ခါဆိုမမူးပါနဲ့ တော့.. :P
အလှဲလှယ်လုပ်ပြီးနောက် ရရှိလာတဲ့ရလဒ်က ဘာတဲ့လဲ THS ...:P
Post a Comment