• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Tuesday 13 May 2008

အဝေး စကား

စိတ်ကို ဂျက်ချထားလိုက်တယ်
ဘယ်မလဲ ထွက်ပေါက်
အရောက်နောက်ကျခြင်းဟာ
အသက်အရွယ်နဲ့မဆိုင်ဘူး
တန်ဖိုးရှိတဲ့အရာတွေက
စက္ကူရွှက်တွေ ဖြစ်ဖြစ်နေတော့

ကြာကြာခံဖို့ ထုပ်ပိုးထားရ
အသင့်စားဖို့အတွက်လဲ ထုပ်ပိုးထားရ
အလွယ်တကူ တူးဖော်ခွင့်မရတဲ့အခါ
ဘာနဲ့ပဲထုပ်ထုပ်
ဘယ်တော့မှ ပွင့်မလာသေးဘူး ။

အဲဒီသစ်ပင်ကြီး ဘယ်လောက်အိုအို
သူ့ရင်ဘတ်ပေါ်မှာ
ငါတို့ ထွင်းခဲ့ဖူးတဲ့
အသဲပုံ လေးကတော့
သူ့ဘ၀အတွက်သေရာပါပဲ ။

၂ နာရီခွဲပဲစောစော
၃ နာရီခွဲပဲ နောက်ကျကျ
နင့်နာရီနဲ့ ငါ့နာရီ
တစ်ထပ်တည်းကျတဲ့အချိန်ဟာ
ငါတို့အတွက် ဆုံမှတ်ပေါ့ ။ ။

12 comments:

ညိမ်းညို said...

အပိုအလိုမရှိ အလိပ်၅၀ ကွက်တိပဲ ဘိုတင့်ရေ ။ ဒီလောက်ကြီးစွတ်ကောင်းနေအောင် မရေးနဲ့ဗျ။ ဆြာမျှားတို့ ဆြာလွမ်းတို့က တို့ဘိုတင့်ကြီး ခဏခဏအသဲကွဲပါစေလို့ ဆုတောင်းနေကြဦးမယ် :P :P အဟဲဟဲ အားလုံးအဆင်ပြေပါစေ ဘိုတင့်ရေ

မျှားပြာ said...

တန်ဖိုးရှိတဲ့အရာတွေက
စက္ကူရွှက်တွေ ဖြစ်ဖြစ်နေတော့ …။
ဟုတ်ပကွာ ... သိပ်အရောက်နောက်ကျခဲ့တာပါပဲ ..။

Anonymous said...

ဒီကဗျာကို ရယ်ရမလား ငိုရမလား မသိတော့ဘူးး ဟားဟား ကိုတင့်ကတော့ ရေးလိုက်၇င် လန်းတယ်ဗျို့  *၂ နာရီခွဲပဲစောစော
၃ နာရီခွဲပဲ နောက်ကျကျ
နင့်နာရီနဲ့ ငါ့နာရီ
တစ်ထပ်တည်းကျတဲ့အချိန်ဟာ
ငါတို့အတွက် ဆုံမှတ်ပေါ့ *

တစ်ယောက်ယောက်ရဲ့ နာရီက စက်မသေရင်တော့ အချိန်တိုင်းက ဆုံမှတ်ပေါ့နော် ။ တန်ဖိုးရှိတဲ့အရာတွေကစက္ကူရွှက်တွေ ဖြစ်ဖြစ်နေတော့ အဲ့ဒါလေးကို သဘောကျတယ် ။

အမှန်မြင်ဖို့ said...
This comment has been removed by a blog administrator.
ပန်းခရေ said...

ကိုတင့်ကတော့ လုပ်ပီ
ကဗျာရေးကတော့ လန်းတယ်ကွာ
တော်လိုက်တဲ့ ကိုတင့်
ဆက်ရေးကွာ ငါအားပေးတယ်
ကောင်းလွန်းလို့ ဘာပြောရမှန်းကိုမသိတာ

Anonymous said...

ဂွတ် .. မောင်တင့်ရေ.. ဂွတ်ဟ !

ein said...

အဝေးစကားနဲ့ပဲပြောတော့မှာလား THS ရ...း)
ှရှိတယ်တဲ့ထွက်ပေါက်က ဒီဘက်ကမ်းမယ်ဆိုလားပဲနော်...:P
တန်ဖိုးရှိတဲ့ အရာတွေက စက္ကူရွက်တွေထဲရောက်သွားပြန်...း)
ဆုံမှတ်မှာပြန်လည်ဆုံစည်းနိုင်ပါစေကွာ...း)
အရင်နေ့က အကောင့်ဝင်တာ မှားသွားတယ် ပြန်ဖျက်တာလည်းအကေဘူးကွ ဟီးးအဲဒါ ခု ပြန်ရေးလိုက်တယ်ကွ အဆင်ပြေပါစေ...။

Unknown said...

အဲဒါပြောတာ..အဲဒါကြောင့်ပြောတာ...။ ငါကဗျာမရေးချင်တာ..။ နင်တို့ ကဗျာတွေဖတ်ပြီး တင်ထားသမျှ ကဗျာတွေအကုန် Delete လုပ်ချင်တယ်။ ကောင်းချက်တွေက ရက်စက်တယ်ကွာ...။ အိုက်..အား။

Unknown said...

စိတ်ကိုဂျက်ချထားတော့ဆုံမှတ်တွေရောထွက်ပေါက်တွေရောပျောက်နေမှာဘဲ...ဝေးနေတဲ့အချိန်တွေမှာတော့စက္ကူရွက်တွေကတန်ဖိုးရှိတဲ့အရာတွေပေါ့...

ကိုရင်ညိန်း said...

ဦးတင့်ရေ ခင်ဗျားနာရီ ခဏရပ်ထားလိုက်ဗျာ.. နှစ်ခါတော့ အတိအကျ ဆုံလိမ့်မယ် ခင်ဗျားဖမ်းမိဖို့ပဲလိုတယ်. ဆက်လိုက်ဦး ဦးတင့်ရေ

၀ဿန်ဦး said...

သယ်ရင်းရေ.. စိတ်ကို ဂျက်မချမိပဲ အခန်းကို ဂျက်ချမိလို့ ကျောင်းပျက်နေအုံးမယ်ကွ :)

Layma said...

ဆုံမှတ်ကို ရောက်ဖို့  နာရီ နှစ်ခု တထပ်တည်း မြန်မြန်ကျပါစေ..။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe