• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Friday 23 May 2008

ပွဲပြီးမီးသေ

ကျွန်တော့်အကြောင်းဆိုရင်တော့
ပြီးစလွယ်ပဲမေ့ပစ်လိုက်ပါ
ကြုံကြိုက်လို့ ကိုယ်ချင်းစာမိရာက
အမြဲသတိရနေမှာလား
သင်္ခါရ ရထားထွက်တော့မှာမို့
ကျွန်တော့်တစ်နေရာစာ ဘယ်သူလိုက်သွားမလဲ ???
ရှေ့ဘူတာမှာ သံသရာလမ်းခွဲခရီးသည်တွေ ။


ကြော်ငြာအားကောင်းတဲ့ နာရီတွေမှာ
အချိန်အပိုတွေ အခမဲ့ပေးထားတယ်တဲ့
လိပ်အခွံနဲ့လုပ်ထားတဲ့ ကျွန်တော့်ကျော
တစ်ဘ၀စာ အာမခံတယ် ဘယ်ဓါးမှ မတိုးဘူး
လိုချင်တယ်ဆိုရင်တော့ စွန့်စားရှာဖွေပါ
လိပ်စာကပ်မထားဘူး
လက်ကမ်းစာတွေ မဝေဘူး ။


အမှိုက်ပုံထဲမှာလဲ ရှိတတ်တယ်
ချောဆီသုတ်ထားတဲ့ တိုင်ထိပ်မှာလဲ ရှိတတ်တယ်
ဆိုက္ကားဆရာတစ်ယောက်ရဲ့ ခြေသလုံးဟာမိသားစုတစ်ခုလုံး
စားဝတ်နေရေးတွေ ကြွက်တက် နေတယ် ။

ထမင်းရည်ပူစီး နင်းမိလိုက်တဲ့ ထုပ်စီးတိုးသူလို
ဘ၀ကိုအစကပြန်ကစားရကြေးဆိုရင်
ရေသေမှာပဲ အစုန်မျှောလိုက်ချင်တယ်
မီးထတောက်တဲ့ ရေ ဆိုသေချာပေါက်အစစ်
ပစ်စလက်ခတ် ထားတတ်တဲ့ ကျွန်တော့်အတွေးက
ပုပ်အဲ့အဲ့ အနံ့အသက်ရပြီဆိုရင်
ကျွန်တော့်စာကြောင်းအားလုံး မှင်နီခြစ်ခဲ့လိုက်ပါ ။ ။

12 comments:

ညိမ်းညို said...

ဝိုး!!! ဘိုတင့်ပြန်လာပီလား ကဗျာတွေက ကောင်းလွန်းအားကြီးတယ်ကွာ နာလိုတောပဘူး :P
ဆြာမျှားဆီမှာ ရေလည်လန်းနေကြပီပေါ့လေ
ဘိုတင့် ကဗျာတွေ သိပ်ကောင်းတယ်ကွာ
နွေကျောင်းပိတ်တုန်း ပုံစံအသစ် အတွေးအသစ်လေးတွေ ရေးပါဦးနော ငါဖတ်ချင်လို့
အားလုံးအဆင်ပြေပါစေ သူငယ်ချင်းရေ :)

မျှားပြာ said...

အဟား မနိုင်တော့ဘူး လွှတ်ချလိုက်ပီ ...။

Anonymous said...

ထိတယ်ဗျ ဘူကြီးတယ် ပိတ်နေတာပဲ ၉ ပေါက်လောက်ကိုတော့ စားပစ်လိုက်ပြီူးးး)
“တစ်ဘ၀စာ အာမခံတယ် ဘယ်ဓါးမှ မတိုးဘူး
လိုချင်တယ်ဆိုရင်တော့ စွန့်စားရှာဖွေပါ
လိပ်စာကပ်မထားဘူး
လက်ကမ်းစာတွေ မဝေဘူး” မလုပ်ပါနဲ့ ဗျာ လိပ်စာကဒ်လေးတော့ ထားခဲ့ပေးပါ ဒါမှမဟုတ်တိုးတိုးလေး လာပြောပြ ကျနော် သွားဝယ်မလို့  အဲ့ဒီ ဓားး :D

Layma said...

စွန့်စားရှာဖွေ လိုက်တော့ Invited readers only ဆိုပဲ ...။
မင်နီ ခြစ်မယ့်သူက ... သူကိုယ်တိုင် ရေမချိုးထားလို့  မခြစ်တော့ဘူးတဲ့ ...။
ရေမွှေးစွတ်ထားတဲ့ မလေးမကတော့ အမှတ် ပြည့်ပေးပြီး အမှန် ခြစ်ခဲ့တယ်...။

ကြယ်စင်နတ်သမီး said...

မင်နီနဲ့အမှတ်ခြစ်ပေမဲ့ အောင်မှတ်အပြည့်ရမှာပါ...

ပန်းခရေ said...

မိုက်တယ်ကွာ...ပွဲပီးမီးသေတဲ့ တော်တော်ကိုထိတယ် အားကျမနာလိုဖြစ်လာပီနော်...
တော်လိုက်တဲ့ မောင်တင့်ပါလားကွ
ဆက်ရေးအားပေးတယ်

Unknown said...

THS..ကဗျာတွေဖတ်လို့ မရဘူးရယ်..စိတ်ကို
ဂျက်ချလိုက်ပီးထဲကပျောက်နေတယ်နော်..
ဘလော့ပြန်ဖွင့်တာသိပါတယ်..အရာရာအဆင်
ပြေပါစေ..။စာမေးပွဲတွေပြီးသွားပီလား..။
.

ein said...

ပုပ်အဲ့အဲ့အနံ့သက်ကိုရမှ မင်နီနဲ့ရေးခြစ်ရမှာဆိုတော့ ခုငါ အဲအနံ့ကိုရလိုက်ဘူးကောပဲ THS ရ ဒါဆို မင်ပြာနဲ့ပဲ ဂွတ်တယ်ဆိုတာကို ၀ိုင်းသွားလိုက်တယ်ကွာ...း)

Unknown said...

THS..ပစ်စလက်ခတ်ထားတတ်တဲ့ကျွန်တော်အ
တွေးတွေကအားကြီးကောင်းနေတယ်..မှင်နီနဲ့ 
တော့မခြစ်ပါဘူး..မှင်ပြာနဲ့ ဘဲ. Very Good
ပေးခဲ့တယ်.. :)
ဖောင့်ပြောင်းပေးတာအဆင်ပြေတယ်နော်
ကျေးဇူးတင်ပါတယ်
ဘုန်းယု*

မင်းကျန်စစ်။ said...

ဒီတခါ လူချင်းတွေ့လို့ကတော့ သတိသာထားပေတော့ ဦးတင့်ရေ။ နောက်ကျောကို ဓါးနဲ့ထိုးဖို့ ကြံကို ကြံအုံးမှာ။ လိပ်ခွံနဲ့ လုပ်ထားတယ်ဆိုလို့ :P

Unknown said...

လိပ်အခွံနဲ့လုပ်ထားတဲ့ ကျွန်တော့်ကျော
တစ်ဘ၀စာ အာမခံတယ် ဘယ်ဓါးမှ မတိုးဘူး
လိုချင်တယ်ဆိုရင်တော့ စွန့်စားရှာဖွေပါ
လိပ်စာကပ်မထားဘူး
လက်ကမ်းစာတွေ မဝေဘူး
ဆိုရင် သူငယ်ချင်းတွေ မေးပြီးလာမယ်ဗျာ....ဟီးးးးးးး
ရောက်ရင်တော့ ထမင်းကျွေးနော်....

Unknown said...

သခါင်္ရရထားထွက်ခွာတော့မှာမို့ ကျနော့်တစ်ကိုယ်စာဘယ်သူလိုက်သွားမလည်းဆိုတဲ့စာသားကိုအရမ်းကြိုက်တယ်ကိုတင့်ရေ ကိုတင့်ကဗျာတွေက အနှစ်သာရအရမ်းရှိတယ်ဗျ ဖတ်ရတာ ...ဂွတ်တယ်ပေါ့နော် ရှယ်ပဲ ...:)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe