အငှားလူတစ်ယောက် ခင်ဗျား ကျွန်တော်
ကျွန်တော်ခြစ်လိုက်တဲ့ မီးစက
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]
မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
ကျွန်တော်ခြစ်လိုက်တဲ့ မီးစက
6 comments:
ဘိုတင့်ရေ ကဗျာတွေကို ၂ကြိမ်မြောက်စီ သေသေချာချာဖတ်သွားတယ်ကွာ။ ဦးဦးဖျားဖျားဖတ်ရလို့လဲ ကျေးဇူးတင်တယ်ဝေ့။ သိပ်ကောင်းတယ်ကွာ။ ဘယ်တော့မှ မကျစေနဲ့နော အဟဲ :) လူရင်းချင်းမို့ ဆရာလုပ်ကြည့်တာ :P
သိဘူး တားတို့က အဆင်ပြေသလို ချိုးလိုက်တာပဲ :P
အားလုံးသော အမှိုက်သရိုက်များဟာ
ကိုတင့် နဲ့သက်မဆိုင်ပါဘူးဗျး) ဒီလိုပါပဲ တစ်ခါခါကျ လေတိုက်လို့ ကိုယ့်ခြံတဲ့ဝင်လာတဲ့ အမှိုက်ကလည်း ကိုယ်နဲ့  ဆိုင်သလိုဖြစ်သွားတက်တယ် သဘာဝမို့ နားလည်ပေးလိုက်ပါဗျာ ။
ဘ၀ဆိုတာလဲ ရေချိုးခန်းထဲမှာ... ဆိုပဲ...
ဒသနအသစ်ပါလား ...
ရေချိုးရင်းချော်လဲရင် ဘ၀ကြီးပွန်းပဲ့သွားမှာပေါ့နော်...။
ွှံTHS..ကျွန်တော်ကတော့အမှိုက်ထဲကရွှေဘဲ..ဒီ
လောက်ကဗျာရေးကောင်းနေတာ..နော်..
ဘုန်းယု...
ဟုတ် ဆြာတင့်ပြောသလိုပေါ့ အပူအေးမျှတအောင် စပ်ချိုးလိုက်တော့မယ်ဗျ...းP
Post a Comment